။ တရွေ့ရွေ့ တမေ့မေ့ ။

။ မိုးရိပ်တိမ် မိုးတိတ်တိမ် ကောင်းကင်တိမ်သားနဲ့တော့ မတူပါဘူး။ ။ အရိပ်ကနေပြီး တိမ်စွဲသွားတဲ့အချိန်ကို ငြိမ်ပြီးကြည့်မိလိုက်တဲ့အခါ လေပေါ်မှာမြင်ရတဲ့တိမ် မိုးပေါ်မှာ မြင်ရတဲ့မိုးတိမ်တွေ တိမ်ခြေ တိမ်ခြည် တိမ်လွှာ တိမ်လိပ် တိမ်ခိုးတွေကြား ရွှေတိန်ညင်းငှက်ငယ်လေးက တိမ်းညွတ်ညွတ် လှပပ ပါပဲ။ ။ သည်နေ့ တိမ်ရယ် မိုးရယ် လေရယ် ငှက်ငယ်ရယ် လိုက်ဖက်ပါပေတယ်။ ။ နောက်တစ်နေ့ တိမ်လွှာကို စောင့်ကြည့်ပါဦးမယ်။ ဘုန်းသစ်ထူး (၂၆.၉.၂၀၂၂) ရက်နေ့ညနေချိန်။